ကျွန်တော်တို့ Myanmar Nationalities' Support Organization - Japan(MNSO Japan) အနေဖြင့် အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့များကဲ့သို့ ဖွဲ့စည်းပုံ ခိုင်မာစနစ်ကျစွာ ဖွဲ့စည်းထားပါသည်။
သို့ဖြစ်ပါ၍ အမြဲတမ်းအသင်း၀င် (Full Member) တစ်ယောက်အတွက် Member ID, အဖွဲ့၀င်ကြေးစာရင်းများ စသည်ဖြင့် တိကျသေချာစွာ လုပ်ဆောင်ရာတွင် လုပ်ငန်းအဆင့်ဆင့် ရှိနေပါသည်။
ထို့ကြောင့် အသင်း၀င်အသစ်များအနေဖြင့် စတင်၀င်ရောက်သည့် ကာလမှစတင်၍ ၃လတိတိ အဖွဲ့၀င်ရောက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အသင်းသားတစ်ယောက်တိုင်းသည် လစဉ် ယန်း ၄၀၀၀ ပါဝင်လျှက်ရှိသည်။
၎င်း ယန်း ၄၀၀၀ အနက် ယန်း ၃၀၀၀ မှာ PRF ထောက်ပို့ မိသားစုဝင် ထောက်ပို့တပ်သား တာဝန်အဖြင့် ထည့်ဝင်ခြင်းဖြစ်ပြီး ကျန် ယန်း ၁၀၀၀ မှာ အသင်းမှတာဝန်ယူ ဆောင်ရွက်လျှက် ရှိသော ရံပုံငွေ ပွဲ များမှ ရရှိသော
ရံပုံငွေ များနှင့်ပေါင်း ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (လစဉ်လတိုင်း ၅ဖွဲ့ မှ၁၀ဖွဲ့ ) ဖြင့်တိုက်ရိုက်ချိတ်ဆက်၍ ၎င်းတို့၏လိုအပ်ချက်များပေါ်မူတည်၍ ထောက်ပံ့များ ပေးပို့ ခြင်း၊NUG ဖြင့်တိုက်ရိုက်ချိတ်ဆက်၍ ၎င်းတို့၏လိုအပ်ချက်များ ပေါ် မူတည်၍ ထောက်ပံ့များ ပေးပို့ လျှက် ရှိသည်။
Member ၀င်ရန် Sign Up